
OFFICIAL CREATOR PROFILE
Who is CKO?
Chit Ko Oo
FOUNDER & DIGITAL CREATOR
Behind the Scenes of Stories I am CKO.
I didn't give the pen name CKO with any specific intention. It's simply an abbreviation of my real name, Chit Ko Oo. I like this name CKO more than my real name because it will be associated with many of my efforts and journeys. Even though people know my real name, I am very pleased and proud to be recognized as CKO. I was born in 2001 and am a Burmese citizen of Burmese ethnicity.
I mainly produce and create 3D Animation and 2D animation, and I continue to create animation series for CKO Creation Burmese and CKO Ghost Animated. I've also created Burmese films using CGI and VFX. When inspiration strikes, I sometimes take on unique projects that others haven't done before. I've worked on Music Videos, Animation series, and AI FX projects for clients. I have over four years of experience in Narration and the social media world, and I am continuously learning about AI. I've dabbled in various AI-related areas, including short films, Animation, AI FX, AI agent systems, AI customer service, Vibe Coding, Websites, Apps, and Digital platforms. Sometimes the variety of work I do is so extensive that it's hard to answer when people ask what I do! (just kidding). I just want to simply say I am CKO. So, if anyone reading this has unique ideas they want to work on, feel free to consult with me, and I'll do my best to help you achieve a result. Thank you very much.
ဇာတ်လမ်းတွေရဲ့ နောက်ကွယ်က ကျွန်တော် CKO ပါ။
CKO ဆိုတဲ့ ကလောင်နာမည်ကို အထူးရည်ရွယ်ချက်နဲ့ ပေးထားတာမဟုတ်ပါဘူး။ နာမည်ရင်း Chit Ko Oo ကို အတိုကောက်ယူထားတာပါ။ ဒီ CKO ဆိုတဲ့နာမည်လေးက ကျွန်တော့်ရဲ့ ကြိုးစားမှု လမ်းခရီးတွေ အများကြီးနဲ့အတူ တွဲမြင်ရမှာမို့ နာမည်အရင်းထက် ပိုပြီး ကြိုက်ပါတယ်။ နာမည်ရင်းကို သိပေမယ့်လည်း ကျွန်တော့်ကို CKO လို့ခေါ်ပြီး အသိအမှတ်ပြုကြတာကို ကျွန်တော် အရမ်းကျေနပ်ဝမ်းသာပြီး ဂုဏ်ယူပါတယ်ခင်ဗျာ။ ကျွန်တော်က 2001 ခုနှစ်မှာ မွေးဖွားပြီး မြန်မာနိုင်ငံသား ဗမာလူမျိုးတစ်ယောက်ပါ။
ကျွန်တော်က 3D Animation နဲ့ 2D animation တွေကို အဓိက ထုတ်လုပ်ဖန်တီးနေပြီး CKO Creation Burmese , CKO Ghost Animated အတွက် animation series တွေကိုလည်း ဆက်လက်ဖန်တီးနေပါတယ်။ CGI နဲ့ VFX တွေသုံးပြီး မြန်မာဇာတ်ကားတွေကိုလည်း ဖန်တီးထားပါတယ်။ စိတ်ကူးပေါက်ရင် ပေါက်သလို တခြားသူ မလုပ်ဖူးသေးတဲ့အလုပ်မျိုးတွေ ရံဖန်ရံခါ လုပ်ကိုင်တတ်ပါတယ်။ Client တွေအတွက် Music Video၊ Animation series နဲ့ AI FX project တွေ လုပ်ပေးထားပါတယ်။ Narration နဲ့ social media လောကမှာ 4 နှစ်ကျော် လုပ်ကိုင်လာခဲ့ပြီး AI ကိုလည်း အဆက်မပြတ်လေ့လာနေပါတယ်။Ai နဲ့ ပတ်သက်ပြီး short flim, Animation, Ai FX, ai agent system, ai customer service,Vibe Coding, Website, App, Digital platform တွေကို နှံ့နှံ့စပ်စပ် လုပ်ကိုင်ဖူးထားပါပြီ။တစ်ခါတလေကျ လုပ်တတ်တဲ့၊ လုပ်ကိုင်ထားဖူးတဲ့ အလုပ်တွေက များတော့ လူတစ်ချို့က မင်းဘာအလုပ်လုပ်လဲ မေးရင် ဖြေရခက်တဲ့ အထိပါပဲ( just kidding)။ ကျွန်တော်က CKO ပါလို့ပဲ ရိုးရိုးဖြေချင်ပါတယ်ဗျာ။ ဆိုတော့ ဒီစာကို ဖတ်နေတဲ့သူမှာ လုပ်ကိုင်ချင်တဲ့ ထူးထူးဆန်းဆန်း idea ရှိရင် ကျွန်တော်နဲ့ တိုင်ပင်ကြည့်ပါ၊ ရလဒ်တစ်ခုရဖို့ ကြိုးစားပေးနိုင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။